အပြစ်များကို ဖော်ထုတ်ခြင်း
သူခိုးတစ်ယောက်သည် ဖုန်းပြင်ဆိုင်တစ်ခုသို့ဝင်ရောက်ပြီး မှန်ကိုရိုက်ခွဲကာ ဖုန်းများနှင့် အခြားအရာများကို ခိုးယူသွားသည်။ စောင့်ကြည့်ကင်မရာမှ သူမည်သူမည်ဝါဖြစ်ကြောင်းမပေါ်အောင် သူ၏ခေါင်းကို ကတ်ထူဘူးဖြင့် ကြိုးစားဖုံးကွယ်ခဲ့သည်။ သို့သော် ဖောက်ထွင်းနေချိန်တွင် ထိုဘူးမှာ ခဏလေးချော်သွားပြီး သူ၏ မျက်နှာပေါ်သွားသည်။ မိနစ်အတန်ကြာတွင် ဆိုင်ပိုင်ရှင်သည် ဖောက်ထွင်းမှု ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ပြီး ရဲတိုင်ခဲ့သည်။ ထို့နောက် အနီးအနားရှိ စတိုးဆိုင်အပြင်ဘက်တွင် သူခိုးကို ဖမ်းမိခဲ့သည်။ တစ်နေ့တစ်ချိန်တွင် ဖုံးကွယ်ထားသောအပြစ်အားလုံးသည် ဖော်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း ထိုအဖြစ်အပျက်က ကျွန်ုပ်တို့ကို သတိပေးနေသည်။
ကျွန်ုပ်တို့၏အပြစ်များကို ဖုံးကွယ်ရန်ကြိုးစားခြင်းသည် လူ့သဘာဝဖြစ်သည်။ သို့သော် ဘုရားသခင်၏ပညတ်တော်များကို ကျွန်ုပ်တို့စောင့်ရှောက်သင့်ပြီး၊ ဖုံးကွယ်ထားသောအရာအားလုံးကို ကိုယ်တော်၏ ဖြောင့်မတ်သော စစ်ကြောခြင်းနှင့် စီရင်ချက်ရှေ့သို့ ယူဆောင်လာလိမ့်မည်ဟူ၍ ဒေသနာကျမ်းတွင် ဖတ်ရှုရသည် (၁၂:၁၄)။ စာရေးသူက “ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း” ဟူ၍ ရေးသားခဲ့သည်…
အပြောင်မြောက်ဆုံး ဘုရား၏ဖန်ဆင်းခြင်းလက်ရာ
ဦးနှောက်၏အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီး နားလည်ရန်ကြိုးပမ်းမှုတွင် အာရုံကြောသိပ္ပံပညာနယ်ပယ်၌ ကြီးမားသည့် တိုးတက်မှုရရှိထားသော်လည်း ထိုသို့နားလည် မှုမှာ အစောပိုင်းအဆင့်များ၌သာရှိနေသေးကြောင်း သိပ္ပံပညာရှင်များက ဝန်ခံထား သည်။ ဦးနှောက်၏ဖွဲ့စည်းမှုပုံစံ၊ အလုပ်လုပ်ပုံအချို့၊ ပတ်ဝန်းကျင်ကိုတုံ့ပြန်သည့်၊ အာရုံခံစားမှုများကို လှုံ့ဆော်သည့်၊ လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည့်၊ ခံစားချက်များကို ထိန်းချုပ်သည့် ဦးနှောက်၏အခန်းကဏ္ဍများကို သူတို့ သိရှိနားလည်ကြသည်။ သို့ရာတွင် ဤအပြန်အလှန် တုံ့ပြန်မှုအားလုံးက အပြုအမူ၊ အသိအမြင်နှင့် မှတ်ဉာဏ်တို့အပေါ် မည်သို့ပံ့ပိုးပေးသည်ကိုမူ သူတို့ ယခုတိုင် နားမလည်နိုင်သေးပါ။ ဘုရားသခင်၏ နက်နဲရှုပ်ထွေးလှသည့် အပြောင်မြောက်ဆုံး ဖန်ဆင်းခြင်း လက်ရာတော်ဖြစ်သော လူသားမှာမူ နက်နဲဆန်းကြယ်ဆဲပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏အံ့ဖွယ်လက္ခဏာများကို ဒါဝိဒ်က သိမှတ်နားလည်ခဲ့သည်။ သူ့အား “အမိဝမ်းထဲ၌ ဖုံးအုပ်” (ဆာလံ ၁၃၉:၁၃) ထားသည့် သဘာဝဖြစ်စဥ်တစ်ခုလုံးအပေါ် သက်သေထင်ရှားသည့် ဘုရားရှင်၏ အလုံးစုံ ထိန်းချုပ်အုပ်စိုးခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို ပုံဖော်တင်စားလျက် ဒါဝိဒ်က ချီးမွမ်းဂုဏ်ပြုထားသည်။ “အကျွန်ုပ်သည် ကြောက်မက်ဘွယ်သောလက္ခဏာ၊ထူးဆန်း သော…
စကားလုံးများက ကျွန်ုပ်တို့နှလုံးသားကို ထင်ဟပ်၏
ညစ်ညမ်းသော စကားပြောဆိုခြင်းကို သင်မည်သို့ ဖယ်ရှားမည်နည်း။ အထက်တန်း ကျောင်းတစ်ကျောင်းက “ညစ်ညမ်းသောစကား မပြောဆိုရန် ကတိပြုခြင်း”ကို စတင်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ “ကျွန်ုပ်သည် မည်သည့် ညစ်ညမ်းသောစကားကိုမှ ကျောင်းတွင်း ပြောဆိုခြင်း၊ ကျောင်း၏ပရိဘောဂများပေါ် ရေးသားခြင်း လုံးဝမပြုလုပ်ပါ” ဟု ကျောင်းသား၊ ကျောင်းသူများက ကျိန်ဆိုခဲ့ကြသည်။ ၎င်းသည် မြင့်မြတ်သော အားထုတ်မှုဖြစ်သော်လည်း မည်သည့် စည်းကမ်းအသစ်၊ ကတိသစ္စာပြုခြင်းများသည်ပင် ညစ်ညူးသောစကားများ၏ အနံ့ဆိုးကို မဖုံးအုပ်နိုင်ဟု သခင်ယေရှုက ဆိုသည်။
ကျွန်ုပ်တို့၏နှုတ်မှထွက်သော စကားများ၏အနံ့ဆိုးကို ဖယ်ရှားခြင်းသည် ကျွန်ုပ် တို့ နှလုံးသားများကို အသစ်ပြန်လည်ပြုပြင်ခြင်းမှ စတင်ပါသည်။ အသီးအားဖြင့် အပင်၏အမျိုးအစားကို လူတို့ခွဲခြားနိုင်သကဲ့သို့ (လု ၆:၄၃-၄၄)၊ ကျွန်ုပ်တို့၏ ပြော စကားများက ကျွန်ုပ်တို့၏ နှလုံး သားများသည် ဘုရားသခင်နှင့် မှန်/မမှန်၊ ကိုယ်တော်၏ လမ်းတော်အတိုင်း လိုက်လျှောက်ခြင်း ရှိမရှိကို ပြညွှန်နေသော…
မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစားခြင်း
ဓာတ်လှေကားအတွင်း ပိတ်မိသည့်အခါ စိတ်အေးအေးထားပြီး ဘေးကင်းစွာရှိနိုင်ရန် လူတို့အား အသိပညာပေးသည့် “Stay Safe. Stay Put” (အန္တရာယ်မဖြစ်အောင် နေပါ။ ငြိမ်ဝပ်စွာ နေပါ။) ကြော်ငြာကမ်ပိန်းလှုပ်ရှားမှုကို လွန်ခဲ့သောနှစ်များစွာက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စတင်ခဲ့သည်။ ပိတ်မိနေသောခရီးသည်အချို့သည် ဓာတ်လှေကားတံခါးများကို ကလော်ဖွင့်ရန် ကြိုးစားခြင်း (သို့) အခြားနည်းလမ်းဖြင့် ထွက်နိုင်ရန် ကြိုးပမ်းစဉ်တွင် သေဆုံးကြကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အကောင်းဆုံး လုပ်ဆောင်မှုအစီအစဉ်မှာ အကူအညီတောင်းရန် သတိပေးခလုတ်ကို နှိပ်ပြီး အရေးပေါ်ကယ်ဆယ်ရေး ရောက်လာချိန်ထိ စောင့်ဆိုင်းရန်ဖြစ်သည်။ တမန်တော်ရှင်ပေါလုသည် အပြစ်၏ဆွဲငင်မှုအောက်၌ ပိတ်မိနေသူများကို ကူညီရန် အလွန်ကွဲပြားခြားနားသော ကယ်ဆယ်ရေးအစီအစဉ်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ဧဖက်မြို့သားများ၏အကြွင်းမဲ့ ဝိညာဉ်ရေးအကူအညီမဲ့မှု — “(သူတို့၏) အပြစ်၌ (အမှန်)သေလျက်” ရှိနေကြောင်း ရှင်ပေါလုက သူတို့ကို သတိပေးခဲ့သည် (ဧ ၂:၁-၂)။ သူတို့သည် မာရ်နတ်ကိုနာခံ၍ (:၂)…
ဆုတောင်းလျက် စောင့်ကြည့်ပါ
ဝိညာဥ်ရေးရာ တိုက်ပွဲများ တိုက်ခိုက်နေချိန်တွင် ခရစ်တော်၌ ယုံကြည်သူများသည် ဆုတောင်းခြင်းကို အလေးအနက်ထားသင့်သည်။ အမြော်အမြင်မဲ့စွာ ဆုတောင်းသည့် အလေ့အထသည် မည်မျှအန္တရာယ်ကြီးကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးတစ်ဦးက သက်သေပြခဲ့သည်။ သူမဆုတောင်းလျှင် မျက်လုံးမှိတ်ထားသည်။ တစ်ရက်တွင် သူမကားမောင်းစဥ် (မျက်လုံးမှိတ်၍) ဆုတောင်းရာ၊ မီးနီကို မမြင်ဘဲ လမ်းဆုံကိုဖြတ်မောင်းပြီး ကားလမ်းဘေးသို့ ချော်ကာ ခြံတစ်ခြံကို ဝင်တိုးတော့သည်။ သူမသည် မြက်ခင်းပြင်မှ နောက်ပြန်ဆုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒဏ်ရာမရရှိသော်လည်း ဗရမ်းဗတာ မောင်းနှင်မှု၊ အိုးအိမ်ပစ္စည်းဖျက်ဆီးမှုတို့အတွက် ရဲဌာန၏ဆင့်ခေါ်စာ ပေးပို့ခံခဲ့ရသည်။ ဤဆုတောင်းခြင်းသူရဲကောင်းသည် ဧဖက်သြဝါဒစာ ၆:၁၈ မှ နိုးကြားသတိရှိရန် ဟူသည့် အဓိကအချက်ကို လွတ်သွားခဲ့သည်။
ဧဖက်ဩဝါဒစာ ၆ တွင် ဘုရားသခင်ပြင်ဆင်သည့် လက်နက်စုံ၏ အစိတ်အပိုင်းအဖြစ် နောက်ဆုံးသော တန်ဆာပလာနှစ်ခုကို တမန်တော်ရှင်ပေါလု ထည့်သွင်းဖော်ပြထားသည်။ ပထမဦးတစ်ခုမှာ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ဝိညာဥ်ရေးရာ…
ခိုးယူသည့် ချိုချဥ်များ၏ ခါးသီးမှု
ဂျာမနီနိုင်ငံမှ သူခိုးများသည် ချော့ကလက် တန် (၂၀) ကျော်မျှ အပြည့်ပါရှိသည့် ကုန်ကားတစ်စီး၏ အအေးခန်းနောက်တွဲကားကို ခိုးယူခဲ့ကြသည်။ အခိုးခံရသောချော့ကလက်အချိုများက ဒေါ်လာ ရှစ်သောင်းဖိုးမျှ တန်ဖိုးရှိသည်။ ဒေသခံရဲတပ်ဖွဲ့မှ သမားရိုးကျမဟုတ်သည့် နည်းလမ်းဖြင့် ချော့ကလက် အမြောက်အမြားပေးကမ်းလာပါက ရဲဌာနသို့ ချက်ချင်းအကြောင်းကြားရန် ကြေညာထားသည်။ အချိုခဲတစ်မြုံတစ်မကြီးခိုးထားသူများသည် အဖမ်းခံရပြီး၊ တရားစွဲခံရပါက ခါးသီးမှုနှင့် ကျေနပ်ဖွယ်မရှိသော အကျိုးဆက်ကို ဧကန်ရင်ဆိုင်ရမည်ဖြစ်သည်။
သုတ္တံကျမ်းကလည်း ဤသဘောတရားကို အတည်ပြုထားပါသည်။ “လှည့်စား၍ ရသောအစာသည် ချိုမြိန်သော်လည်း စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်” (သု ၂၀:၁၇)။ လှည့်စား၍ (သို့) မတရားသဖြင့် ရယူထားသည့်အရာသည် အစ၌ စိတ်လှုပ်ရှားစရာ ယာယီဝမ်းမြောက်မှုကိုပေးပြီး ချိုမြိန်သယောင်ဖြစ်သည်။ သို့သော် ထိုအရသာက တဖြည်းဖြည်းပျောက်ပြီး ထိုလှည့်စားမှုက လိုချင်တပ်မက်မှုကို တိုးစေလျက် ဒုက္ခထဲသို့သာ ပို့ဆောင်လိမ့်မည်။ အပြစ်ရှိသကဲ့သို့ခံစားရခြင်း၊ စိုးကြောက်ခြင်း နှင့် ဒုစရိုက်၏ခါးသီးသောဆိုးကျိုးက…
ဘုရားသခင်တစ်ပါးတည်းသာ ပြည့်ဝစေနိုင်သည်
အိမ်တွင်နေနေသူတစ်ဦးထံသို့ ပုဇွန်ထုပ်ကြီးများ၊ ပေါင်မုန့်အသားလိပ်များ၊ အရွက်သုပ်များအပါအဝင် ဒေါ်လာတစ်ထောင်ဖိုးမျှကျသင့်သော စားစရာများ ရောက်လာသည်။ သို့သော် ထိုသူသည် ပါတီပွဲကျင်းပနေခြင်း မဟုတ်ပါ။ ထိုဟင်းပွဲပဒေသာကို သူမှာပင် မမှာယူခဲ့ပါ။ သူ၏ (၆) နှစ်အရွယ် သားလေးက
မှာယူခဲ့ခြင်းဖြစ်သည်။ ဤကိစ္စ မည်သို့ဖြစ်ခဲ့ပါသနည်း။ သူသည် ညအိပ်ရာ မဝင်မီ သူ့သားကို သူ့ဖုန်းနှင့် ကစားခွင့်ပေးခဲ့ပြီး၊ ထိုကလေးက စားသောက်ဆိုင်များမှ ဈေးကြီးသောဟင်းလျာများကို ဝယ်ယူခဲ့သည်။ ဖခင်ဖြစ်သူက “ဘာလို့ ဒီလိုလုပ်တာလဲ”ဟု ဂွမ်းကပ်စောင်အောက်၌ ပုန်းနေသောသားကို မေးရာ၊ ထို (၆) နှစ်သားလေးက “သားဗိုက်ဆာလို့” ဟု ပြန်ဖြေသည်။ သူငယ်လေး၏စားချင်စိတ် အာသီသနှင့် မရင့်ကျက်မှုကြောင့် ငွေကုန်ကြေးကျများခဲ့သည်။
ဧသော၏ စားချင်စိတ်ကြောင့် သူသည် ဒေါ်လာတစ်ထောင်ထက်ပိုသောအရာကို ပေးဆပ်ခဲ့ရသည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၂၅ တွင် “သူသည် ဆာလောင်သဖြင့် ယာကုပ်အား ငါအလွန်ဆာလောင်၏။…
ကံတရားကြောင့်မဟုတ်၊ ခရစ်တော်ကြောင့်သာ
စကြဝဠာအတွင်း ဂြိုဟ်ပေါင်း ၇၀၀ Quintillion (၇ နောက်တွင် သုံည အလုံး ၂၀)ခန့်ရှိကြောင်း ‘Discover’ မဂ္ဂဇင်းက ယူဆထားသည်။ သို့သော် ကမ္ဘာဂြိုဟ်ကဲ့သို့သော ဂြိုဟ်မှာ တစ်လုံးတည်းသာရှိသည်။ ဂြိုဟ်ပေါ်တွင် သက်ရှိများနေထိုင်နိုင်ရန် လိုအပ်ချက်များအနက်မှ တစ်ခုမှာ ‘Goldilocks’ ဇုံအတွင်း၌သာ လမ်းကြောင်းအတိုင်း လည်ပတ်သွားရန် ဖြစ်သည်။ ထိုဇုံအတွင်း၌သာ အပူချိန်သည် မှန်ကန်သင့်တော်မှုရှိပြီး ရေရရှိနိုင်ကြောင်း နက္ခတ္တဗေဒပညာရှင် Erik Zackrisson (အဲရစ် ဇက်ခရီဆန်)က ဆိုသည်။ ဂြိုဟ်ပေါင်း ၇၀၀ Quintillion ထဲမှ ကမ္ဘာဂြိုဟ်တစ်ခုတည်းသာ ထိုအခြေအနေနှင့် ပြည့်စုံပုံရသည်။ တစ်နည်းနည်းဖြင့် ကမ္ဘာဂြိုဟ်သည် အတော်လေးပင်မျက်နှာသာရအလေးပေးခံရသည်ဟု ဇက်ခရီဆန် က နိဂုံးချုပ်ခဲ့သည်။
စကြဝဠာကြီးသည် ကံကောင်းမှုဆောင်ကြဥ်းပေးသောနတ်သမီးကြောင့် မဟုတ်ဘဲ သခင်ယေရှု၏ဖန်ဆင်းခြင်းအမှုကြောင့်သာ တည်ရှိနေသည်ဟု ရှင်ပေါလုက ကောလောသဲယုံကြည်သူများအား အခိုင်အမာပြောထားခဲ့သည်။ တမန်တော်ကြီးက ခရစ်တော်ကို ကမ္ဘာကြီး၏ဖန်ဆင်းရှင်အဖြစ် တင်ပြထားသည်။ “ထိုသခင် အဖို့အလို့ငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည်…
နိမ့်ကျခဲ့သည်
မာနကို ရှေ့တန်းတင်လျှင် ရံဖန်ရံခါ အရှက်ရမှုနှင့် ကြုံရတတ်ကြောင်း နော်ဝေးနိုင်ငံမှအမျိုးသားတစ်ဦး တွေ့ရှိခဲ့သည်။ အပြေးဝတ်စုံ မဝတ်ထားသည့် လူတစ်ဦးသည် စိတ်ကြီးဝင်လျက် မီတာ (၄၀၀) တန်းကျော်ပြိုင်ပွဲတွင် အနိုင်ရထားသည့် ကမ္ဘာ့ချန်ပီယံ Karsten Warholm (ကာစတန် ဝေါဟုမ်)ကို စိန်ခေါ်ခဲ့သည်။ အားကစားရုံ အတွင်း၌သာ လေ့ကျင့်ရေးဆင်းထားသော ဝေါဟုမ် သည် စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူ့အား အပြတ်အသတ်အနိုင်ယူခဲ့သည်။ ပန်းတိုင်ရောက်သည့်အခါ ထိုလူက အစမကောင်းခဲ့သည့်အတွက် နောက်တစ်ကြိမ်ယှဉ်ပြိုင်လိုကြောင်း ပြောလာသည့်အခါ နှစ်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံသည် ပြုံးရုံသာပြုံးခဲ့သည်။
သုတ္တံကျမ်း ၂၉:၂၃ တွင် “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်”ဟု ပြောထားသည်။ သုတ္တံကျမ်းတွင် မာနအပေါ် ဘုရားရှင်ကိုင်တွယ်ပုံအကြောင်းအရာသည် ရှောလမုန်မင်းကြီး အနှစ်သက်ဆုံး ခေါင်းစဥ်များအနက် တစ်ခုဖြစ်သည် (၁၁:၂၊ ၁၆:၁၈၊ ၁၈:၁၂)။ ထိုကျမ်းပိုဒ်များတွင်ပါသည့် “ဂုဏ်” (သို့) “မာန်မာန”…
နောက်ထက် ဘက်လိုက်မှု မရှိတော့ပေ
လွန်ခဲ့သောနှစ်များစွာက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် Metropolitan Opera Orchestra သံစုံတူရိယာတီးဝိုင်းအတွက် ပြင်သစ် လေမှုတ်တူရိယာ တီးမှုတ်သူအဖြစ် အရည်အချင်းစစ်ပြိုင်ပွဲသို့ Julie Landsman (ဂျူလီလန်းစ်မန်း) ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ထိုတီးဝိုင်းသည် ဒိုင်များ၏ဘက်လိုက်မှုကို ရှောင်ရှားရန် အရည်အချင်းစစ်ဆေးမှုကို ကုလားကာနောက်ကွယ်တွင် ကျင်းပခဲ့ကြသည်။ လန်းစ်မန်းသည် အကောင်းဆုံးစွမ်းရည်ပြနိုင်ခဲ့ပြီး ပြိုင်ပွဲအဆုံးတွင် အနိုင်ရရှိခဲ့သည်။ သို့သော် ကုလားကာ ရှေ့သို့ သူမထွက်လာသောအခါ အားလုံးသော အမျိုးသားဒိုင်များမှ ဒိုင်အချို့သည် သူမကို လျစ်လျူရှုကာ အခန်းအနောက်သို့ လျှောက်သွားပြီး အခြားသူတစ်စုံတစ်ယောက်ကို ရှာကြည့်နေပုံထင်ရပါသည်။
ဣသရေလလူမျိုးတို့သည် ရှင်ဘုရင်ကို တောင်းသောအခါ ဘုရားသခင် သဘောတူခဲ့ပြီး အခြားတိုင်းနိုင်ငံများကဲ့သို့ ရုပ်ရည်ရူပကာကောင်းသူတစ်ဦးကို ရှင်ဘုရင်အဖြစ် ပေးအပ်ခဲ့သည် (၁ ရာ ၈:၅၊ ၉:၂)။ သို့သော်လည်း ရှောလုသည် ဘုရင်အဖြစ် အုပ်ချုပ်သောအစောပိုင်းနှစ်၌ပင် ဘုရားသခင်အပေါ် သစ္စာမရှိ၊ နာခံမှု မရှိခြင်းကြောင့်၊ အခြားသော ရှင်ဘုရင်အသစ်တစ်ပါးကို…